Saturday, July 11, 2015

မြတ်ဗုဒ္ဓဒေသနာ

မြတ်ဗုဒ္ဓဒေသနာ
     တစ်ခါတုန်းက အာဠာဝီပြည်နားမှာ အာဠာဝကဘီလူးကြီး နေထိုင်ရာ ဘုံဗိမာန်ရှိပါတယ်။ အဲဒိဗိမာန်ဟာ အာဠာဝီပြည်နဲ့ မလှမ်းမကမ်း တောစပ်ညောင်ပင်ကြီးတစ်ပင်အောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။ တစ်နေ့ မြတ်စွာဘုရားက အဲဒိဗိမာန်ကြီးထဲမှာသွားပြီး သီတင်းသုံးတယ်။ အာဠာဝကဘီလူးကြီးက အစည်းအဝေးသွားရာမှ ပြန်ရောက်လာတဲ့အချိန် မြတ်ဗုဒ္ဓကိုမြင်တော့ အလွန်စိတ်တိုသွားတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူက ဘုရားကိုမှမကြည်ညိုတာ ပြီးတော့ သူတို့စရိုက်နဲ့ ဘုရားဟောတဲ့ တရားကမကိုက်တာလဲပါတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လဲ မြတ်ဗုဒ္ဓကို ဒုက္ခအမျိုးမျိုးပေးခဲ့တာပေါ့။
မြတ်စွာဘုရားကို သူ့ဗိမာန်ကနေထွက်သွားအောင် အရှင်ဂေါတမ သူများခွင့်မပြုတဲ့အဆောက်အအုံထဲ ဘာဖြစ်လို့ဝင်သလဲ အခုထွက်သွားပါလို ပြောတယ်။ မြတ်ဗုဒ္ဓကလဲ- မင်းထွက်စေချင်ရင် ငါထွက်ပေးပါမယ်ကွာ ဟုပြောဆိုပြီး ထွက်သွားပါတယ်။ အာဠာဝကဘီလူးက သူစကားကိုလိုက်နာတာဟုတ်မဟုတ်သိလို၍ တစ်ခါထပ်ပြီးတော့- အရှင်ဂေါတမ ပြန်ဝင်ခဲ့ပါ ဆိုတော့ မြတ်ဗုဒ္ဓကလည်း- အေး မင်းဝင်စေချင်ရင်လည်း ငါပြန်ဝင်ခဲ့ပါမယ်ကွာ ဟုပြောဆိုပြီးဝင်ခဲ့ပါတယ်။အာဠာဝကဘီးလူးက မြတ်ဗုဒ္ဓကို ထွက်လိုက်ဦး ၀င်လိုက်ဦး သုံးခါတိတိ သူကခိုင်းခဲ့ပါတယ်။ စာဖတ်သူ သတိမူကြည့်ပါ။ မြတ်ဗုဒ္ဓက ဘာကြောင့် ၊ ဘာဖြစ်လို သူခိုင်းတာတွေကို  လိုက်ပြီးတော့ လုပ်နေတာလဲဆိုတာကိုပေါ့။ တကယ်တမ်းတော့ မြတ်ဗုဒ္ဓက ဘီလူးရဲ့စိတ်ဓာတ်ကို ကုစားနေတာ၊ အလကားလုပ်နေတာတော့မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာဖြစ်ပါတယ်။ စိတ်ဆိုးနေတဲ့လူတစ်ယောက်ကို ပိုစိတ်ဆိုးအောင်လုပ်ရင် ပိုပြီး စိတ်မဆိုးပေဘူးလား သူကျေနပ်အောင်လုပ်လိုက်တဲ့အခါမှာ သူကကျေနပ်သွားတယ်။ ဥပမာ ကလေးလေးတွေက တစ်ခုခုနဲ့ ခိုက်မိ တိုက်မိသွားလို့ ချော့တဲ့အခါမှာ လူကြီးတွေက လုပ်တယ်မို့လား ကုလားထိုင်နဲ့ တိုက်မိတဲ့ကလေးကို -ကဲ တိုက်ဦးဟယ်၊ တိုက်ဦးဟ ဆိုပြီ ရိုက်လိုက်တတ်လေ့ရှိပါတယ်။
အဲဒီလိုပြောလိုက်တဲ့အခါနဲ့တစ်ပြိုင်တည်း ငိုနေတဲ့ကလေးက ကျေနပ်သွားတတ်ပါတယ်။ တကယ်တမ်းတော့ နာတာကမပျောက်သွားပါဘူး။ စိတ်ကိုကုစားလိုက်တာပါ။ မြတ်ဗုဒ္ဓကလဲ ကြမ်းတမ်းနေတဲ့အာဠာဝကဘီလူးကြီးရဲ့ စိတ်ကို ကုစားလိုသောကြောင့် သူခိုင်းတာတွေကို လိုက်လုပ်လိုက်တာဖြစ်ပါတယ်။ တတိယအကြိမ်ခိုင်းပြီ စတုတ္ထအကြိမ် မြောက်တော့ ဘီးလူးက ဒီတစ်ခါထွက်ရင် ခြေထောက်နစ်ချောင်းကိုင်ပြီးတော့ ပစ်လိုက်မယ်လို စိတ်ကူးထားပါတယ်။ ထို့နောက် သူ့ရဲ့အကြံအစီအတိုင်း အရှင်ဂေါတမ ထွက်သွားပါ လို့ပြောလိုက်တယ်။ မြတ်ဗုဒ္ဓပဲလေး အကုန်သိနေတာဆိုတော့ ဒီတစ်ခါတော့ မထွက်နိုင်ဘူး မင်းလုပ်ချင်တာလုပ်ပါ လို့ပြောကြားခဲ့ပါတယ်။ ဘီလူးက ဘာစိတ်ကူးပေါက်သလဲဆိုတော့ အာဠာဝက ဘီလူးသည် မိဘနစ်ပါး ကွယ်လွန်သော အခါ မိဘများရှိစဉ်က သင်ကြားပေးထားသော ပြဿနာရပ်များကို အဖြေနှင့်တကွ ပညာအမွေအနှစ်အဖြစ်ရယူထားလိုက်၏။ သို့သော် အာဠ၀ကသည် မေးခွန်းပုစ္ဆာများကိုသာ မှတ်မိ၍ အဖြေအားလုံးကတော့ ပျံတော်မူကုန်ပြီ အကုန်မေ့ကုန်ပြီလိုပြောတာပါ။ အဲဒါနဲ့ အရှင်ဂေါတမကို မေးခွန်းမေးခွင့်ပြုပါ တကယ်လို့မဖြေနိုင်ရင် ဒီဗိမာန်ကနေထွက်သွားရမယ်ဆိုပြီးအောက်ပါမေးခွန်းများကို မေးတော်မူခဲ့ပါတယ်။ မေးခွန်းများမှာ ၁၃-ခုဖြစ်ပါတယ်။
၁။မေးxxxအရှင်ဂေါတမ လောကမှာ အကောင်းဆုံးဥစ္စာကဘာလဲ လို့မေးတော်မူတယ်။
ဖြေxxx လောကမှာ အကောင်းဆုံးဥစ္စာက ဘာလဲလို့မေးရင် လူတွေကဘာပြောကြမလဲဆိုရင်- စိန်ရွေရတနာတွေရဲ့ တန်ဖိုးကိုသိတဲ့သူက လောကမှာ စိန်က အကောင်းဆုံးစသဖြင့်အဖြေအမျိုးမျိုးထွက်လာမှာ အမှန်ပင်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက လောကလူတွေ မတွေးမိသောအဖြေလေး- အာဠာဝက သဒ္ဓီဓ ၀ိတ္တံ ပုရိသဿ သေဌံ တဲ့ ၊လောက၌ အကောင်းဆုံးဥစ္စာက သဒ္ဓါတရားပဲလိုဖြေကြားခဲ့ပါတယ်။ ဒါဆိုရင် သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောသလဲဆိုရင် လောကလူတွေဟာ သဒ္ဓါတရား မရှိရင် ဒါနကောင်းမူ လုပ်နိုင်ပါ့မလား၊ သီလရော ဆောက်တည်နိုင်ပါ့မလား၊ ကမ္မဌာန်းဘာဝနာရော အားထုတ်နိုင်ပါ့မလား၊ မထုတ်နိုင်ပါဘူး။ သဒ္ဓါလို့ဆိုတဲ့ စိတ်ဝင်စားမူလေး ယုံကြည်မူလေးပေါ်မှာ အခြေခံပြီး လူတွေဟာ ဒါကောင်းမူအစရှိသည့်ကောင်းမူ့များကိုလုပ်ဖြစ်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ လောကမှာ သဒ္ဓါတရားဟာအကောင်းဆုံးဖြစ်တယ်လို မြတ်ဗုဒ္ဓဖြေကြားခဲ့ပါတယ်။
၂။မေးxxx အရှင်ဂေါတမ ဘာလုပ်ရင် ချမ်းသာမလဲလို့မေးတော်မူပါတယ်။
ဖြေxxxရှေ့နည်းတူစွာ စဉ်းစားကြည့်မယ်ဆိုရင် လောကလူတွေကဘာဖြေကြမလဲဆိုရင်- အရောင်းအ၀ယ်လုပ်ပေါ့၊ နှစ်လုံးထီထိုးပေါ့။ ချဲထိုးဖို့လည်း ပြောချင်ပြောပါလိမ့်မယ်။ အဖြေကတော့အများကြီးထွက်လာနိုင်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက လောကလူတွေမတွေးမိတဲ့အဖြေလေး- ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ တဲ့၊ ဓမ္မကို ကျင့်သုံးလို့ရှိရင် ချမ်းသာမယ်လိုဖြေကြားခဲ့ပါတယ်။ ဓမ္မဆိုတာက  ကုသလကမ္မပထတရား ၁၀ ပါး ကိုခေါ်ပါတယ်။ ကာယသုစရိုက် ၃ ပါး၊ စ၀ီသုစရိုက် ၄ ပါး၊ မနော သုစရိုက် ၃ ပါး၊ ပေါင်း ၁၀-ပါးဖြစ်ပါတယ်။
၃။မေးxxxအရှင်ဂေါတမ အရသာတွေထဲမှာ အကောင်းဆုံးအရသာက ဘာလဲလိုမေးတော်မူတယ်။
ဖြေxxx ဒိမေးခွန်းလေးရဲ့အဖြေကို စဉ်းစားကြည့်ရအောင် ၀က်သားကြိုက်တဲ့သူက ၀က်သားက အရသာရှိဆုံးလို့စသည့်ဖြင့်အဖြေကတော့အမျိုးမျိုးထွက်လာနိုင်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက  လောကလူတွေမတွေးမိတဲ့အဖြေလေး- သစ္စံ သာဓုတရံ ရသာနံ တဲ့၊ လောကမှာ အကောင်းအရသာဟာ သစ္စာပဲလို့ဖြေကြားတောမူခဲ့ပါတယ်။ သစ္စာဆိုတော့ ဘယ်လိုသစ္စာလဲလိုစဉ်းစားဖွယ်ရှိလာမယ်ပေါ့။ အဲဒီသစ္စာက ၀စီသစ္စာပါပဲ။ ၀စီသစ္စာရဲ့အရသာက ဘယ်တော့မှ အီမသွားပါဘူး။ ၀က်သားစားရင် အီးသွားနိုင်တယ်။ စာဖတ်သူနားလည်းအောင်ဥပမာတစ်ခုထုတ်ပြကြည့်မယ်ဆိုရင်-ဘုရားအလောင်ငုံးဖြစ်စဉ်က တောမီးလောင်လာတဲ့အခါ သစ္စာဆိုခဲ့တာလေးပါ။ သန္တိ ပက္ခာ အပတနာ- သူ့ မှာ အတောင်တော့ပေါက်ပြီး မပျံနိုင်သေးဘူး၊ သန္တိ ပါဒါ အ၀ဉ္စနာ- သူ့ မှာခြေထောက်တွေတွေတော့ရှိတယ်၊ မသွားနိုင်ဘူး။ မာတာ ပိတာစ နိက္ခန္တာ- အဖေ၊ အမေတွေကလည်း ထွက်ပြေးကုန်ကြပြီးတဲ့။ အဲဒိမှန်ကန်သော သစ္စာစကားကြောင့် တောမီးကြီး သူ့ ကိုရှောင်သွား၍ အသက်ဘေးမှလွတ်မြောက်ရပါစေလို့ ဆိုခဲ့ပါတယ်။ တကယ်လဲ အသက်ဘေးမှလွတ်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ဆို စာဖတ်သူ သစ္စာဆိုတဲ့သဘောတရားကို နားလည်လောက်ပါပြီလိုယုံကြည်မိပါတယ်။

ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့ ။
လပြည့်ဝန်း
ကျမ်းကိုး
သုတ္တနိပါတ်၊ အာဠာဝကသုတ်
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ဒဂုန် ဦးစန်းငွေ (ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာပေါင်းချုပ်)

No comments:

Post a Comment