_/\_ *** _/\_ *** _/\_
၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
{ကိုအောင်}တတ်သိနားလည်သမျှပြန်လည်မျှဝေပါသည်
ရောက်လာသူအပေါင်းကျန်းမာချမ်းသာကြပါစေ
Friday, December 4, 2015
မင်္ဂလာပါ
Sunday, July 26, 2015
Thursday, July 16, 2015
ဝါဆို သင်္ကန်း ဖြစ်ပေါ်လာပုံ
ဝိသာခါ ကျောင်းအစ်မကြီး ဆိုတာ အားလုံး သိတဲ့ အတိုင်း သာသနာ မှာ အလှူ ဒါန ရက်ရောသူ အဖြစ် သာသနာ့ မိခင်ကြီး အဖြစ်၊သောတာပန် အလှ မိဖုရား အဖြစ်၊ ရဟန်းတော် များရဲ့ ရေတွင်းရေကန် ပမာ အဖြစ် ထွန်းသစ် ထင်ရှား ခဲ့တဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ဂုဏ်ယူဖွယ်ရာ အကြောင်းတွေ အများကြီး ရှိခဲ့ပါတယ်။
သာဝတ္ထိမြို့ ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင် ရှိတဲ့ ပုဗ္ဗာရုံကျောင်းကြီး လှူထား ခဲ့ တဲ့ ကျောင်း အစ်မကြီး တစ်ဦးဖြစ်ခဲ့ သလို၊ သားသမီး (၂၀)၊ မြေး (၄၀၀)၊ မြစ်(၈၀၀၀) နဲ့ အခြွေအရံ လည်း များ ခဲ့တဲ့ အမျိုးသမီး လည်းဖြစ်ခဲ့ ပါသေးတယ်။
မြတ်စွာ ဘုရား ဇေတဝန်ကျောင်းတော် မှာ သီတင်း သုံးတော့ ဝိသာခါ က ဆွမ်းစား ပင့်ပါတယ်။ အဲဒီည လွန်တော့ လေးကျွန်းလုံး အနှံ့ မိုးကြီး ရွာသွန်းပါတယ်။ မြတ်စွာ ဘုရားရှင် က ရဟန်းတို့ ဇေတဝန်ကျောင်း မှာ ရွာသလို၊ လေးကျွန်လုံး အနှံ့ မှာလည်း မိုးရွာတယ်။ သင်တို့ မိုးရေ ချိုးကြ။ ဒီမိုးကြီး ဟာ လေးကျွန်း လုံးနှံ့ တဲ့နောက်ဆုံး မိုးပဲ ဟု မိန့်တော် မူပါတယ်။
ရဟန်းတော် များဟာ သင်္ကန်း အပို အလှူ ခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်း မပါဘဲ မိုးရေ ချိုးနေကြတဲ့ အချိန် ဝိသာခါ လွှတ် လိုက်တဲ့ အိမ်ဖော် မလေး ကျောင်းလာ ဆွမ်းစား ချိန်ရောက်ကြောင်း
လျှောက်ထား ဖို့လာတဲ့ အခါ၊ အဝတ် မပါဘဲ မိုးရေ ချိုးနေကြတဲ့ ရဟန်းတော် များ ကိုမြင်တော့ ဒီအရာမ် အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝ တက္ကတွန်းတွေသာ မိုးရေ ချိုးနေကြတယ် လို့တွေးပြီး ရဟန်းတွေ ကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါ ကို အကြောင်း စုံပြန်ပြောတယ်။
ဝိသာခါ က ပညာရှိတယ်။ လိမ္မာ ယဉ်ကျေးတယ်။ အတွေး အခေါ်လျင်မြန် ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံ သင်္ကန်း မပါဘဲ မိုးရေ ချိုးနေကြ တာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော် မလေးကို ဆွမ်းစား ချိန်ရောက်ကြောင်း ထပ်မံ အပင့် ခိုင်းပြန်တယ်။
အဲဒီ အချိန် ရဟန်းတော် များဟာ ရေချိုးပြီး လို့ တင့်တင့် တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံ ထားကြပြီးဖြစ် တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ် သက်စွာ သီတင်း သုံးနေကြပြီဖြစ်တယ်။ ရဟန်း တစ်ပါး မျှ ကျောင်း မှာ မရှိဘူး။
တစ်ကျောင်းလုံး တိတ်ဆိတ်နေတယ် လို့ အိမ်ဖော် မလေးက ပြန်လာပြီး ဝိသာခါ ကို ပြောပြန်တယ်။
ဝိသာခါ က အခြေ အနေကို စဉ်းစားမိပြီး ထပ်မံ လွှတ်ရပြန်တယ်။ ဒီတော့ မှ မြတ်စွာ ဘုရားရှင် နဲ့ သံဃာတော်တွေ အိမ်ကြွ လာတော် မူကြတယ်။
မိုးရွာပြီး စ ရေစီး အဟုန်တွေ များနေပေမယ့် မြတ်စွာဘုရား နဲ့ သံဃာတော် တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေ မှာ ရေစို စွတ်ခြင်း မရှိ တာမြင်တော့ ဝိသာခါ အံ့သြ ဝမ်းသာဖြစ်ကာ ဆွမ်းကပ် လှူ၊ ဒီနောက် မြတ်စွာ ဘုရား ထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆို ပါတယ်။
အဲဒီ ဆု(၈) ပါးက
**************
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေခံ သင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တု တို့အား ဆွမ်းလှူ လိုပါ၏။
၃။ ခရီးသွား ရဟန်း တို့အား ဆွမ်းလှူ လိုပါ၏။
၎။ သူနာ ရဟန်း တို့အား ဆွမ်းလှူ လိုပါ၏။
၅။ သူနာပြု ရဟန်း တို့အား ဆွမ်းလှူ လိုပါ၏။
၆။ သူနာ ရဟန်း တို့အား ဆေး လှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီ သံဃာအား ရေသနုပ် လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။
ဝိသာခါ သင် ဘယ်လို အကျိုးထူး ကျေးဇူးတွေမြင် လို့ ဒီ ဆုတွေတောင်း တာလဲ လို့ မြတ်စွာဘုရားရှင် က မေးတော့ အိမ်ဖော် မလေးပြောတဲ့ စကားပြန်လျှောက်ပါတယ်။
အရှင် ဘုရား အဝတ် မစည်း အချည်း အနှီးနေခြင်းဟာ စက်ဆုပ် ရွံရှာဖွယ် ရှိလို့ မစင်ကြယ်ပါ။
ဒီ အကျိုးမြင်လို့ ရဟန်း သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်း လိုပါတယ်ဘုရား။
ဧည့်သည် အာဂန္တု ရဟန်းများ ခရီး မကျွမ်းကျင် လို့ ဆွမ်းကိစ္စ အခက် အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ ဆွမ်းကို ဘုဉ်းပေးပြီး မှ ခရီးလမ်း သိ ဆွမ်းခံ ကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့် လည်း ဧည့်သည် အာဂန္တုရဟန်း တို့ကို ဆွမ်းလှူဒါန်း လိုပါတယ်ဘုရား။
ခရီးသွား ရဟန်းများ ဆွမ်း ရှာနေရ ပါက အဖော်များ ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင် တဲ့ကျောင်း ကိုလည်း အချိန် အခါ မဲ့မှ ရောက်သွား ပါလိမ့်မယ်။ တပည့်တော် လှူတဲ့ ဆွမ်းကို ဘုဉ်းပေး ရပါက
အဲဒီ ဒုက္ခ မှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလို ပါတယ် ဘုရား။
ဖျားနာတဲ့ ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရ ပါက အနာ တိုးပွားနိုင် သလို အသက် အန္တရာယ် လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော် လှူတဲ့ ဘောဇဉ် စားသောက် ရပါက ဒီအန္တရာယ် ကင်းပါလိမ့် မယ်။ ဒါကြောင့် သူနာ ရဟန်းများကိုလည်း အသက်ထက် ဆုံး ဆွမ်းလှူဒါန်း လိုပါတယ်။ဘုရား။
သူနာပြု (ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင် ဆွမ်းရှာနေရ ပါက
သူနာ ရဟန်းအား ပြုစုရမယ့် ကိစ္စတွေ လစ်ဟင်းနေပါ လိမ့်မယ်။ ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်း များကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်း လိုပါတယ်ဘုရား။
သူနာ ရဟန်းမှာ လျောက်ပတ် တဲ့ ဆေးဝါး မရပါက ရောဂါ တိုးပွားပါ လိမ့်မယ်။ ဒါကြောင့် အသက် ထက်ဆုံး သူနာ ရဟန်းအား ဆေးဝါး လှူဒါန်း လိုပါတယ်ဘုရား။
အရှင် ဘုရား က အန္ဓကဝိန္ဒမြို့မှာ“ယာဂု အကျိုးဆယ်မျိုး”ရှိတယ် လို့ ဟောကြား ခွင့်ပြု တာကြောင့် ရဟန်း သံဃာအား တပည့်တော်မ အသက်ထက်ဆုံး “ယာဂု လှူလိုပါတယ်”ဘုရား။
အမျိုးသမီး ရဟန်းများ အစီရဝတီမြစ် မှာ ပြည့်တန်ဆာ မများတို့နဲ့ ရေဆိပ် တစ်ခုတည်း မှာ အဝတ် မစည်း ရေချိုးနေကြ လို့ ပြည့်တန်ဆာမ များက ရဟန်းမ ဘိက္ခုနီ တို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီ သံဃာ အား အသက်ထက် ဆုံး ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်း လိုပါတယ် ဘုရားဟု
ဒီဆု (၈) မျိုးကို ဝိသာခါ ဒကာမကြီး က တောင်းခံ ခဲ့တာပါ။
သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်း တာဟာ သာသနာ အကျိုးကြည့်တာ ရယ်၊ သူ ကိုယ် တိုင် နောင် အချိန်မှာ ဝမ်းသာ ပီတိနဲ့ သဒ္ဓါ ပွားချင်တာရယ်ကြောင့် တောင်းထား တာဖြစ် ပါတယ် ။ မြတ်စွာ ဘုရားရှင်က ခွင့်ပြုတော် မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊ အမျိုးသမီး များ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီး ရဲ့ ဆုရှစ်မျိုး ထဲက တစ်ခု အပါအဝင်ဖြစ် တဲ့ ဝါဆို သင်္ကန်းကို လှူဒါန်းနေ ကြ တာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံ ခဲ့လို့ “ဝါဆိုသင်္ကန်း”ရယ် လို့ ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပါတယ်။
သာဝတ္ထိမြို့ ကို ကြွဖူးတဲ့ ရဟန်းဖြစ် ပါက ဝိသာခါ ရဲ့ သင်္ကန်း ဆွမ်း စတဲ့ အလှူ ကို တစ်မျိုး မျိုးတော့ ရရှိ အလှူခံဖူး မှာပဲ။
အဲဒီ ရဟန်းတော် များ တရားထူး ရတယ် ဆိုပါက ဝိသာခါကျောင်းအစ်မကြီး ရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့
တွေးမိရင် ဝိသာခါ က ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။
ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈ တရားများ တိုးပွားမယ်။
ဒီအာနိသင်တွေ့မြင် လို့ ဆု(၈) ပါးကို တောင်းခံ ခဲ့တာဖြစ်ပါလို့ ရေးသားရင်း နိဂုံးချုပ် လိုက်တော့၏။
စာဖတ်သူ အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ၍ လိုရာ ဆန္ဒများ တစ်လုံး တစ်ဝ တည်းပြည့် ဝ ကြပါစေ။
ရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
Saturday, July 11, 2015
အနှိုးမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်များ
အနှိုးမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်များ
အခါတပါးမှာ သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်မှာ မြတ်စွာဘုရား သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားဟာ ရဟန်းတို့အား အခုလို ဟောကြားတော်မူခဲ့ပါတယ်။
ရဟန်းတို့၊ တရားအားထုတ်တဲ့ ရဟန်းဟာ အကြောင်းအရာ ငါးမျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းသင့်တယ်။
ရဟန်းတို့-အကြောင်းအရာတမျိုးကို နှလုံးသွင်းတဲ့ သာသနာ့ဝန်ထမ်းရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ဖြစ်တတ်ကြတယ်။
ရဟန်းတို့-အဲဒီရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ အခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် ကျွမ်းကျင်တဲ့ လက်သမားဟာ သေးငယ်တဲ့သပ်ကို ရိုက်၍ ကြီးမားတဲ့သပ်ကို ဆွဲနုတ်ရာသကဲ့သို့။ ရဟန်းတို့-ထို့အတူပဲ အကြောင်းတရားတမျိုးကို နှလုံးသွင်း၍ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိရဲ့ သန္တာန်မှာ ဖြစ်နေတဲ့ ရဟန်းဟာ အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းသင့်တယ်။ အဲဒီနှလုံ;သွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။
ရဟန်းတို့-အဲဒီအကြောင်းအရာမှတပါး ကုသိုလ်နှင့်စပ်ယှဉ်တဲ့ တခြားအကြောင်းအရာကို နှလုံးသွင်းပါလျက် ရာဂ ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ ဒီအကြောင်း ဒီအကြောင်းကြောင့် ဒီအကြံအစည်များဟာ အကုသိုလ်များဖြစ်ကြတယ်။ အပြစ်များကြတယ်။ ဆိုးကျိုးကိုပေးတတ်ကြတယ်-လို့ အဲဒီအကြံအစည်တို့ရဲ့ အပြစ်ကို ရှုဆင်ခြင်သင့်တယ်။
အဲဒီလို ရှုဆင်ခြင်တဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှုအကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။
ရဟန်းတို့-အဲဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ၊ နှလုံးမသွင်းဘဲ နေသင့်တယ်။
အဲဒီလိုနေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည် ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် မျက်စိကောင်းတဲ့ လူတယောက်ဟာ ပေါ်လာ(တွေ့ကြုံလာ) တဲ့ အဆင်းအာရုံတို့ကို မမြင်လို၊ မကြည့်လိုလျှင် မျက်စိကို မှိတ်ထားရာသကဲ့သို့ သို့မဟုတ်-တခြားအရပ်သို့ လွှဲပြောင်းကြည့်ရှုရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ ဒီအကြံအစည်များရဲ့ အပြစ်ကို ရှုဆင်ခြင်ပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ်အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ရဟန်းဟာ အဲဒီအကြံအစည်တို့ကို သတိမပြုဘဲ နှလုံးမသွင်းဘဲ နေသင့်တယ်။ အဲဒီလို နေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီ အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။
ရဟန်းတို့-အဲဒီအကြံအစည်တို့ကို သတိမပြု၊ နှလုံးမသွင်းဘဲနေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့ သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင် အဲဒီရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ် ) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။
အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအားဖြင့် လူတယောက်ဟာ မြန်မြန်သွားနေတယ် ဆိုပါတော့။ သူဟာ ငါဘာကြောင့် မြန်မြန်သွားရသလဲ၊ ဖြည်းဖြည်းသွားတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ဖြည်းဖြည်းသွားတယ်။
ငါ ဘာကြောင့် ဖြည်းဖြည်း သွားရမလဲ၊ ရပ်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ရပ်နေတယ်။
ငါ ဘာကြောင့် ရပ်နေရမလဲ၊ ထိုင်နေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး ထိုင်နေတယ်။
ငါ ဘာောကာင့် ထိုင်နေရမလဲ၊ လျောင်းနေတာ ကောင်းပါတယ်-လို့ စဉ်းစားပြီး လျောင်းနေတယ်။
ရဟန်းတို့- အဲဒီလိုကြမ်းတမ်းတဲ့ ဣရိယာပုထ်ကို ရှောင်ကြဉ်၍ သိမ်မွေ့တဲ့ ဣရိယာကို ပြုလုပ်ရာသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်များကို သတိမပြု နှလုံးမသွင်းဘဲ နေပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းသင့်တယ်။ (ကြံစည်ပုံ ကြမ်းတမ်းမှု ရပ်တန့်သည်အထိ တဖြည်းဖြည်း လျှော့ချသင့်တယ်။) အဲဒီလို နှလုံးသွင်းတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်း သွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပ
ဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ အဲဒီရဟန်းရဲ့သန္တာန်မှာ တကယ်လို့ ဆက်ဖြစ်နေကြသေးလျှင်အဲဒီရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကို ထိလျက် စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ ပင်ပန်းစေသင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဓီအကြံအစည်များ ကင်းပျောက် ချုပ်ငြိမ်းသွားခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာတည်တော့တယ်။
ရဟန်းတို့-ဥပမာအးဖြင့် အားကောင်းတဲ့ လူတယောက်ဟာ အားနည်းတဲ့ လူတယောက်ကို ခေါင်းမှာဖြစ်စေ၊ လည်ပင်းမှာဖြစ်စေ၊ ပခုံးမှာဖြစ်စေ၊ ဆုပ်ကိုင်၍ ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေသကဲ့သို့ ရဟန်းတို့-ထို့အတူပဲ အဲဒီအကြံအစည်တို့ရဲ့ ကြံစည်ပုံ ကြမ်းတမ်းမှု တဖြည်းဖြည်း ရပ်တန့်ကြောင်းကို နှလုံးသွင်းပါလျက် ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ မိမိသန္တာန်မှာ ဆက်ဖြစ်နေသေးတဲ့ ရဟန်းဟာ သွားချင်းကြိတ်၊ လျှာဖြင့် အာစောက်ကိုထိလျက်၊ စိတ်ဖြင့် စိတ်ကို ဖိနှိပ်သင့်တယ်။ ဖျစ်ညှစ်သင့်တယ်။ အဲဒီလို ဖိနှိပ်၊ ဖျစ်ညှစ်၊ ပင်ပန်းစေတဲ့ ရဟန်းရဲ့ သန္တာန်မှာ ရာဂ၊ ဒေါသ၊ မောဟတို့နှင့် စပ်ယှဉ်တဲ့ မကောင်းမှု အကုသိုလ် အကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းသွားတော့တယ်။ အဲဒီအကြံအစည်များ ကင်းပျောက်ချုပ်ငြိမ်းခြင်းကြောင့် စိတ်ဟာ မိမိသန္တာန်မှာပဲ ကောင်းစွာ တည်တော့တယ်။
ရဟန်းတို့ ဒီရဟန်းဟာ ကြံစည်မှု လှည့်လည်ရာ လမ်းကြောင်း၌ လေ့ကျင့်ပြီးသူ (ကျွမ်းကျင်ပြီးသူ) ဖြစ်တယ်။ ကြံစည်လိုတဲ့ အကြံအစည်ကို ကြံစည်လိမ့်မယ်။ မကြံစည်လိုတဲ့ အကြံအစည်ကို မကြံစည်ဘဲ နေလိမ့်မယ်။ သူဟာ တဏှာကို ဖြတ်တောက်ပြီးသူ ဖြစ်တယ်။ သံယောဇဉ်အနှောင်အဖွဲ့ကို ဖြေပြီးသူ ဖြစ်တယ်။ မာနကိုသိပြီး ပယ်ပြီးသူ ဖြစ်တယ်။ ဒါကြောင့် သူ့မှာ ဒုက္ခခပ်သိမ်း အေးငြိမ်းသွားတော့တယ်။
ဒီတရားတော်ကို မြတ်စွာဘုရား ဟောကြားပြီးတဲ့အခါ ရဟန်းများဟာ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ကြပါတယ်။
( ၀ိတက္ကသဏ္ဌာနသုတ်)
အရှင်သာသန၀ရ-ဓမ္မာစရိယ (M.A)
မြတ်ဗုဒ္ဓဒေသနာ
မြတ်ဗုဒ္ဓဒေသနာ
တစ်ခါတုန်းက အာဠာဝီပြည်နားမှာ အာဠာဝကဘီလူးကြီး နေထိုင်ရာ ဘုံဗိမာန်ရှိပါတယ်။ အဲဒိဗိမာန်ဟာ အာဠာဝီပြည်နဲ့ မလှမ်းမကမ်း တောစပ်ညောင်ပင်ကြီးတစ်ပင်အောက်မှာ တည်ရှိနေတာဖြစ်ပါတယ်။ တစ်နေ့ မြတ်စွာဘုရားက အဲဒိဗိမာန်ကြီးထဲမှာသွားပြီး သီတင်းသုံးတယ်။ အာဠာဝကဘီလူးကြီးက အစည်းအဝေးသွားရာမှ ပြန်ရောက်လာတဲ့အချိန် မြတ်ဗုဒ္ဓကိုမြင်တော့ အလွန်စိတ်တိုသွားတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူက ဘုရားကိုမှမကြည်ညိုတာ ပြီးတော့ သူတို့စရိုက်နဲ့ ဘုရားဟောတဲ့ တရားကမကိုက်တာလဲပါတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လဲ မြတ်ဗုဒ္ဓကို ဒုက္ခအမျိုးမျိုးပေးခဲ့တာပေါ့။
မြတ်စွာဘုရားကို သူ့ဗိမာန်ကနေထွက်သွားအောင် အရှင်ဂေါတမ သူများခွင့်မပြုတဲ့အဆောက်အအုံထဲ ဘာဖြစ်လို့ဝင်သလဲ အခုထွက်သွားပါလို ပြောတယ်။ မြတ်ဗုဒ္ဓကလဲ- မင်းထွက်စေချင်ရင် ငါထွက်ပေးပါမယ်ကွာ ဟုပြောဆိုပြီး ထွက်သွားပါတယ်။ အာဠာဝကဘီလူးက သူစကားကိုလိုက်နာတာဟုတ်မဟုတ်သိလို၍ တစ်ခါထပ်ပြီးတော့- အရှင်ဂေါတမ ပြန်ဝင်ခဲ့ပါ ဆိုတော့ မြတ်ဗုဒ္ဓကလည်း- အေး မင်းဝင်စေချင်ရင်လည်း ငါပြန်ဝင်ခဲ့ပါမယ်ကွာ ဟုပြောဆိုပြီးဝင်ခဲ့ပါတယ်။အာဠာဝကဘီးလူးက မြတ်ဗုဒ္ဓကို ထွက်လိုက်ဦး ၀င်လိုက်ဦး သုံးခါတိတိ သူကခိုင်းခဲ့ပါတယ်။ စာဖတ်သူ သတိမူကြည့်ပါ။ မြတ်ဗုဒ္ဓက ဘာကြောင့် ၊ ဘာဖြစ်လို သူခိုင်းတာတွေကို လိုက်ပြီးတော့ လုပ်နေတာလဲဆိုတာကိုပေါ့။ တကယ်တမ်းတော့ မြတ်ဗုဒ္ဓက ဘီလူးရဲ့စိတ်ဓာတ်ကို ကုစားနေတာ၊ အလကားလုပ်နေတာတော့မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတာဖြစ်ပါတယ်။ စိတ်ဆိုးနေတဲ့လူတစ်ယောက်ကို ပိုစိတ်ဆိုးအောင်လုပ်ရင် ပိုပြီး စိတ်မဆိုးပေဘူးလား သူကျေနပ်အောင်လုပ်လိုက်တဲ့အခါမှာ သူကကျေနပ်သွားတယ်။ ဥပမာ ကလေးလေးတွေက တစ်ခုခုနဲ့ ခိုက်မိ တိုက်မိသွားလို့ ချော့တဲ့အခါမှာ လူကြီးတွေက လုပ်တယ်မို့လား ကုလားထိုင်နဲ့ တိုက်မိတဲ့ကလေးကို -ကဲ တိုက်ဦးဟယ်၊ တိုက်ဦးဟ ဆိုပြီ ရိုက်လိုက်တတ်လေ့ရှိပါတယ်။
အဲဒီလိုပြောလိုက်တဲ့အခါနဲ့တစ်ပြိုင်တည်း ငိုနေတဲ့ကလေးက ကျေနပ်သွားတတ်ပါတယ်။ တကယ်တမ်းတော့ နာတာကမပျောက်သွားပါဘူး။ စိတ်ကိုကုစားလိုက်တာပါ။ မြတ်ဗုဒ္ဓကလဲ ကြမ်းတမ်းနေတဲ့အာဠာဝကဘီလူးကြီးရဲ့ စိတ်ကို ကုစားလိုသောကြောင့် သူခိုင်းတာတွေကို လိုက်လုပ်လိုက်တာဖြစ်ပါတယ်။ တတိယအကြိမ်ခိုင်းပြီ စတုတ္ထအကြိမ် မြောက်တော့ ဘီးလူးက ဒီတစ်ခါထွက်ရင် ခြေထောက်နစ်ချောင်းကိုင်ပြီးတော့ ပစ်လိုက်မယ်လို စိတ်ကူးထားပါတယ်။ ထို့နောက် သူ့ရဲ့အကြံအစီအတိုင်း အရှင်ဂေါတမ ထွက်သွားပါ လို့ပြောလိုက်တယ်။ မြတ်ဗုဒ္ဓပဲလေး အကုန်သိနေတာဆိုတော့ ဒီတစ်ခါတော့ မထွက်နိုင်ဘူး မင်းလုပ်ချင်တာလုပ်ပါ လို့ပြောကြားခဲ့ပါတယ်။ ဘီလူးက ဘာစိတ်ကူးပေါက်သလဲဆိုတော့ အာဠာဝက ဘီလူးသည် မိဘနစ်ပါး ကွယ်လွန်သော အခါ မိဘများရှိစဉ်က သင်ကြားပေးထားသော ပြဿနာရပ်များကို အဖြေနှင့်တကွ ပညာအမွေအနှစ်အဖြစ်ရယူထားလိုက်၏။ သို့သော် အာဠ၀ကသည် မေးခွန်းပုစ္ဆာများကိုသာ မှတ်မိ၍ အဖြေအားလုံးကတော့ ပျံတော်မူကုန်ပြီ အကုန်မေ့ကုန်ပြီလိုပြောတာပါ။ အဲဒါနဲ့ အရှင်ဂေါတမကို မေးခွန်းမေးခွင့်ပြုပါ တကယ်လို့မဖြေနိုင်ရင် ဒီဗိမာန်ကနေထွက်သွားရမယ်ဆိုပြီးအောက်ပါမေးခွန်းများကို မေးတော်မူခဲ့ပါတယ်။ မေးခွန်းများမှာ ၁၃-ခုဖြစ်ပါတယ်။
၁။မေးxxxအရှင်ဂေါတမ လောကမှာ အကောင်းဆုံးဥစ္စာကဘာလဲ လို့မေးတော်မူတယ်။
ဖြေxxx လောကမှာ အကောင်းဆုံးဥစ္စာက ဘာလဲလို့မေးရင် လူတွေကဘာပြောကြမလဲဆိုရင်- စိန်ရွေရတနာတွေရဲ့ တန်ဖိုးကိုသိတဲ့သူက လောကမှာ စိန်က အကောင်းဆုံးစသဖြင့်အဖြေအမျိုးမျိုးထွက်လာမှာ အမှန်ပင်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက လောကလူတွေ မတွေးမိသောအဖြေလေး- အာဠာဝက သဒ္ဓီဓ ၀ိတ္တံ ပုရိသဿ သေဌံ တဲ့ ၊လောက၌ အကောင်းဆုံးဥစ္စာက သဒ္ဓါတရားပဲလိုဖြေကြားခဲ့ပါတယ်။ ဒါဆိုရင် သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောသလဲဆိုရင် လောကလူတွေဟာ သဒ္ဓါတရား မရှိရင် ဒါနကောင်းမူ လုပ်နိုင်ပါ့မလား၊ သီလရော ဆောက်တည်နိုင်ပါ့မလား၊ ကမ္မဌာန်းဘာဝနာရော အားထုတ်နိုင်ပါ့မလား၊ မထုတ်နိုင်ပါဘူး။ သဒ္ဓါလို့ဆိုတဲ့ စိတ်ဝင်စားမူလေး ယုံကြည်မူလေးပေါ်မှာ အခြေခံပြီး လူတွေဟာ ဒါကောင်းမူအစရှိသည့်ကောင်းမူ့များကိုလုပ်ဖြစ်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ လောကမှာ သဒ္ဓါတရားဟာအကောင်းဆုံးဖြစ်တယ်လို မြတ်ဗုဒ္ဓဖြေကြားခဲ့ပါတယ်။
၂။မေးxxx အရှင်ဂေါတမ ဘာလုပ်ရင် ချမ်းသာမလဲလို့မေးတော်မူပါတယ်။
ဖြေxxxရှေ့နည်းတူစွာ စဉ်းစားကြည့်မယ်ဆိုရင် လောကလူတွေကဘာဖြေကြမလဲဆိုရင်- အရောင်းအ၀ယ်လုပ်ပေါ့၊ နှစ်လုံးထီထိုးပေါ့။ ချဲထိုးဖို့လည်း ပြောချင်ပြောပါလိမ့်မယ်။ အဖြေကတော့အများကြီးထွက်လာနိုင်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက လောကလူတွေမတွေးမိတဲ့အဖြေလေး- ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ တဲ့၊ ဓမ္မကို ကျင့်သုံးလို့ရှိရင် ချမ်းသာမယ်လိုဖြေကြားခဲ့ပါတယ်။ ဓမ္မဆိုတာက ကုသလကမ္မပထတရား ၁၀ ပါး ကိုခေါ်ပါတယ်။ ကာယသုစရိုက် ၃ ပါး၊ စ၀ီသုစရိုက် ၄ ပါး၊ မနော သုစရိုက် ၃ ပါး၊ ပေါင်း ၁၀-ပါးဖြစ်ပါတယ်။
၃။မေးxxxအရှင်ဂေါတမ အရသာတွေထဲမှာ အကောင်းဆုံးအရသာက ဘာလဲလိုမေးတော်မူတယ်။
ဖြေxxx ဒိမေးခွန်းလေးရဲ့အဖြေကို စဉ်းစားကြည့်ရအောင် ၀က်သားကြိုက်တဲ့သူက ၀က်သားက အရသာရှိဆုံးလို့စသည့်ဖြင့်အဖြေကတော့အမျိုးမျိုးထွက်လာနိုင်ပါတယ်။ မြတ်ဗုဒ္ဓဖြေလိုက်တာက လောကလူတွေမတွေးမိတဲ့အဖြေလေး- သစ္စံ သာဓုတရံ ရသာနံ တဲ့၊ လောကမှာ အကောင်းအရသာဟာ သစ္စာပဲလို့ဖြေကြားတောမူခဲ့ပါတယ်။ သစ္စာဆိုတော့ ဘယ်လိုသစ္စာလဲလိုစဉ်းစားဖွယ်ရှိလာမယ်ပေါ့။ အဲဒီသစ္စာက ၀စီသစ္စာပါပဲ။ ၀စီသစ္စာရဲ့အရသာက ဘယ်တော့မှ အီမသွားပါဘူး။ ၀က်သားစားရင် အီးသွားနိုင်တယ်။ စာဖတ်သူနားလည်းအောင်ဥပမာတစ်ခုထုတ်ပြကြည့်မယ်ဆိုရင်-ဘုရားအလောင်ငုံးဖြစ်စဉ်က တောမီးလောင်လာတဲ့အခါ သစ္စာဆိုခဲ့တာလေးပါ။ သန္တိ ပက္ခာ အပတနာ- သူ့ မှာ အတောင်တော့ပေါက်ပြီး မပျံနိုင်သေးဘူး၊ သန္တိ ပါဒါ အ၀ဉ္စနာ- သူ့ မှာခြေထောက်တွေတွေတော့ရှိတယ်၊ မသွားနိုင်ဘူး။ မာတာ ပိတာစ နိက္ခန္တာ- အဖေ၊ အမေတွေကလည်း ထွက်ပြေးကုန်ကြပြီးတဲ့။ အဲဒိမှန်ကန်သော သစ္စာစကားကြောင့် တောမီးကြီး သူ့ ကိုရှောင်သွား၍ အသက်ဘေးမှလွတ်မြောက်ရပါစေလို့ ဆိုခဲ့ပါတယ်။ တကယ်လဲ အသက်ဘေးမှလွတ်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ဆို စာဖတ်သူ သစ္စာဆိုတဲ့သဘောတရားကို နားလည်လောက်ပါပြီလိုယုံကြည်မိပါတယ်။
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျက်နေကြစို့ ။
လပြည့်ဝန်း
ကျမ်းကိုး
သုတ္တနိပါတ်၊ အာဠာဝကသုတ်
ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
ဒဂုန် ဦးစန်းငွေ (ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာပေါင်းချုပ်)