ရဟန်းများဆွမ်းမခံအပ်သောအရပ်(၆)ပါး
ရဟန်းများဆွမ်းမခံအပ်သောအရပ်များ(၆)ပါး
၁။သုရာအရက် ရောင်းရာဌာန၊
၂။ယောက်ျားမိန်းမ မမည်သူတို့၏အိမ်၊
၃။ရဟန်းမိန်းမနှင့်သီလရှင်ဇရပ်၊
၎။အပျိုကြီးအိမ်၊
၅။ပြည့်တန်ဆာမအိမ်၊
၆။လင်မရှိ မုဆိုးမအိမ်။
လင်္ကာ။ ။သုရာသောက်ထုပ်၊ သေတင်းကုပ်၊ပဏ္ဍုတ်-ဘိက္ခုမ။
ပျိုကြီးဂေဟာ၊ပြည့တန်ဆာ၊လင်ကွာမုဆိုးမ။
ဤခြောက်အိမ်တွင်၊အကျွမ်းဝင်၊ဆွမ်းလျှင်မခံရ။
ဖွားဘက်တော်(ရ )ယောက်
၁။အာ -ညီတော်အာနန္ဒာ၊
၂။ဗော -ဗောဓိပင်၊
၃။ကာ -ကာဠုဒါယီအမတ်၊
၎။ယ -ယသောဓရာမင်သမီး၊(ကြင်ယာတော်)
၅။ဆံ -ဆန္နအမတ်၊
၆။ရွှေ -ရွှေအိုးကြီးလေးလုံး၊
၇။ကဏ် -ကဏ္ဍကမြင်း။
လင်္ကာ။ ။အာ ဗော ကာ ယံ၊ ဆံ ရွှေ ကဏ် ၊မှတ်ရန် ဖွားဘက်တည်း။
လပြည့်ဝန်း
ဘ၀အရေး စိတ်အေးရဖို့ဓမ္မအသိရှိလျှက်နေကြစို့။
No comments:
Post a Comment