Monday, June 29, 2015

အဂုၤလီမာလ ( သို့) တောတွင်းဓာပြ

အဂုင်္လီမာလ ( သို့) တောတွင်းဓာပြ
လူသတ်သမားလို့ အသိများတဲ့ အင်္ဂုလိမာလဟာ သာဝတ္ထိပြည် ပရောဟိတ်အမတ်ရဲ့သား တက္ကသိုလ် ပညာတော်သင် လုလင် တစ်ယောက်ဖြစ်ပါတယ်။

သူဟာ ဥာဏ်ထက်၍ ဝတ်ကျေသူ ဖြစ်လို့ ဆရာနှင့်ဆရာကတော်တို့က အရေးပေးခံရသူဖြစ်ခဲ့ပါတယ်။

သို့သော် တခြားကျောင်း ကျောင်းသားတို့က မနာလိုဝန်တို
တိုက်သောကြောင့် ဆရာကတော်နှင့် အထင်မှားခံရပါတယ်။

ထို့ကြောင့် ဆရာကြီးက အဂုင်္လိမာလကို သူမျာသတ်လို့သေအောင် ကြံဆောင်ကာ “ လက်ညို တစ်ထောင် ဖြတ်နိုင်မှ ပညာကျိုးရမယ်” ဟု ပြောဆိုစေခိုင်းလိုက်ပါတယ်။

ထိုနောက် အဂုင်္လိမာလဟာ တောသပုန်လုပ်ခါ.. လူတွေကိုသတ် လက်ညှိုကို ဖြတ်ယူပါတော့တယ်။

ထိုလက်ညှိုတွေကို နွယ်ကြိုးဖြင်သီကာ ပန်းကုံပမာ လည်ပင်းမှာ ဆွဲထားသောကြောင့် “ အဂုင်္လိ+ မာလ” ဟု ထင်ရှားပါတယ်။

ပြည်သူတို့လည်း သည်းမခံနိုင်တာကြောင့် ကောသလမင်းကြီးအာ အဂုင်္လိမာလုကို ဖမ်းဆီးရန် ဆူပူတောင်းဆိုကြပါတယ်။

မိခင်ကြီးဟာ သားအတွက် ရတက်မအေးသဖြင့် ချောခေါ်ရန် တောထဲသို့ လိုက်ပါသွားချိန်မှာပဲ အဂုင်္လိမာလမှာ တစ်ထောက်ပြည့် တစ်ယောက်သာ လို့တဲ့အတွက် မိခင်ကြီးနောက်ကို လက်ညှိုဖြတ်ဖို့ မဲလိုက်ပါတော့တယ်။

ထိုအခါ ဗုဒ္ဓသည် အဂုင်္လိမာလရဲ့ ကျွတ်ချိန်ကျရောက်ပြီဆိုတာ သိတော်မူလို့.. မိခင်နဲ့ သားတို့ရဲကြားမှာ ဝင် ရပ်တော်မူလိုက်ပါတယ်။

ထိုနောက် အဂုင်္လီမာလသည် မိခင်နောက်ကို မလိုက်တော့ပဲ ဗုဒ္ဓနောက်ကို လက်ညှိုဖြတ်ဖို့ လိုက်ပါတော့တယ်။
မပြေနဲ့.. မပြေနဲ့ ရဟန်း ဂေါတမ” လို့ အဂုင်္လမာလ အော်လိုက်တဲ့ခါ..
   သင်သာလျှင် ပြေနေသူဖြစ်တယ်.. ငါကရပ်နေသူ
   ဟု

မိန့်ကြားချက်ကြောင့် သတိသဝေ ရတော်မူကာ..။
မသိမှု မောဟကိလေတွေနဲ့ သံသရာမှာ ပြေလွှားနေရတဲ့ အဂုင်္လိမာတစ်ယောက် တရားရ၍ ဗုဒ္ဓထံ တပည်ခံကာ ရဟန်းပြုသွားပါတယ်
  
   အမျိုးသမီးများကို ကူညီပေးခဲ့သူ
အဂုင်္လိမာလဟာ ရဟန်းဘဝသို့ရောက်တော ငြိမ်သက်စွာနေပါသော်လည်း လူအများက ကြောက်ရွံ့လို့ ဆွမ်းမလောင်းဝံ့ကြပါ။ ဆွမ်းအတွက် ဒုက္ခရောက်ရှာပါတယ်။
တစ်နေ့တော့ သားမဖွာနိုင်ပဲ ဒုက္ခရောက်နေသော အမျိုးသမီးကို မြင်ကာ အလွန်သနားသဖြင့် မြတ်စွာဘုရားကို လျှောက်ထားတော့
သစ္စာဆိုတဲ့ အင်္ဂုလိမာ ပရိတ် ကိုသင်ပေးလိုက်ပါတယ်
ထိုဘုရားပေးတဲ့ ပရိတ်ကို ကျက်၍ သားမဖွားနိုင်သော အမျိုးသမိးများထံသွားပြီး အမျိုးသမီးကို အကာအတွင်းက နေစေကာ မိမိက အကာအပြင်မှ နေ၍ အိုနှမ… ၊ ငါသည် အရိယာနွယ်ဇာတ် ရဟန်း မြတ်ဖြစ်ကတည်းကစ၍ သူတပါးအသက် ကိုမသတ်ဘူးတော့ပါ ဤမှန်တဲ့ သစ္စာစကားကြောင့် သင်ချမ်းသာပါစေ… ကိုယ်ဝန်လည်း ချမ်းသာပါစေ” ဟု  ပါဠိမန္တာန်အတိုင်း ရွတ်ဆိုလိုက်ရာ ခဏချင်း ဖွားမြင်လာပါတယ်။

ထိုအခါမှ စ၍ အဂုင်္လိမာလကို သားမဖွားနိုင်သော အမျိုးသမီးများကို ကူညီစောင့်ရှောက်သော ရဟန်းဟု လူသိများကာ ဆွမ်းအာဟာရမှလည်း မျှမျှတတရှိလာပါတော့တယ်။

No comments:

Post a Comment